widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

About Us

 
ADMIN

   ဒီဘလော့ဂ်ကို ဖန်တီးဖြစ်ခဲ့တဲ့အကြောင်း

အရင်ကတော့ အင်တာနက်ကို သုံးတဲ့အခါ လိုချင်တဲ့ဆော့ဖ်ဝဲတွေရှာမယ်၊ ဟိုဖတ်သည်ဖတ်၊
ဟိုပြောင်သည်ပြောင်၊ ဟိုကြည့်ဒီကြည့်လောက်ပဲပေါ့ဗျာ ... ဒီအခါမှာဘာတွေတွေ့လာလဲဆိုတော့
blogger တွေ post တွေတင်ပြီး သူတို့တတ်တဲ့နည်းပညာတွေ မျှဝေနေတာကိုတွေ့တော့
ကျွန်တော်အားကျမိလာတယ် ... ဘာကြောင့်လဲဆိုတော့ ကိုယ်တတ်ထားတဲ့ပညာကို
ဒီ blogger တွေဟာ မြန်မာလူမျိုးတွေ နည်းပညာပိုင်းဆိုင်ရာ
သဘောတရားတွေကို နားလည်ပြီး ကိုယ့်နိုင်ငံတိုးတက်လာစေဘို့၊
လူမှုကွန်ယက်တွေကျယ်ပြန့်လာစေဘို့ စတဲ့
အကျိုးရလဒ်ကောင်းတွေဖြစ်လာအောင် ကြိုးစားနေကြတဲ့သူတွေဘဲလို့ တွေးမိရင်းက
အဲ့ဒိပညာရှင်တွေကိုလည်း ကျွန်တော်လေးစားမိလာပါတယ် ... ဒါနဲ့ ကျွန်တော်လည်း
သူတို့ကို အားကျစိတ်နဲ့ ကိုယ်လည်း ဘလော့ဂ်ရေးပြီး ကိုယ်တတ်ထားသမျှတွေ မျှဝေရင်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအထွက် ကောင်းကျိုးဖြစ်စေမယ်ဆိုတဲ့အသိနဲ့ ဒီဘလော့ဂ်လေးကို
စတင်တည်ထောင်ဘို့ ဖြစ်လာခဲ့တာပါ ....။

စတင်တည်ထောင်ခဲ့တဲ့ ရက်စွဲ

၂၀၁၄ ခုနှစ်၊ မေလ၊ ၁၄ ရက်

ဘလော့ဂ်ဖွဲ့စည်းပုံ

ဘလော့ဂ်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံယူချက်ကတော့
လာရောက်လည်ပတ်သူများ မျက်စိမနောက်စေရန်နဲ့ ဘလော့ဂ်ကိုဝင်တဲ့အခါ
ပေါ့ပါးမြန်ဆန်စေဘို့ကို ဦးစားပေးတဲ့အနေနဲ့ ရိုးရိုးရှင်းရှင်းဘဲ ဖွဲ့စည်းပါမယ် ...။
ကျွန်တော့်ဘလော့ဂ်ဟာ မြန်မာဘလော့ဂ်တစ်ခုဖြစ်ပေမယ့်လည်း တစ်ချို့နေရာတွေမှာ
အင်တာနက်အသုံးပြုသူတိုင်း သိရှိပြီးသားဖြစ်လောက်မယ့်နေရာတွေမှာတော့
အင်္ဂလိပ်ဘာသာစကားအတိုင်းသာ ထားရှိပါမယ် ...
ဒါကတော့ ခေတ်နဲ့အညီလျှောက်လှမ်းနေတဲ့
မြန်မာတစ်ယောက်အတွက် အင်္ဂလိပ်စာနဲ့ အဆက်အစပ်မပြတ်စေဘို့ ရည်ရွယ်တာဖြစ်ပါတယ် ...။
ပို့စ်အကြောင်းတွေမှာတော့ မြန်မာဘာသာစကားနဲ့ပဲ ရေးမှာပါ ...။

ပို့စ်

ပို့စ်နဲ့ပတ်သက်လို့ကတော့ ကျွန်တော်သိထား၊ တတ်ထားတာလေးတွေကို ကိုယ်ပိုင်ပို့စ်အနေနဲ့
တင်ပေးမှာဖြစ်ပြီး၊ တစ်ချို့ကိုတော့ နိုင်ငံခြား မူရင်းဝက်ဆိုဒ်တွေကနေ
ဘာသာပြန်ပြီး တင်မှာဖြစ်ပါတယ် ... တစ်ကယ်လို့ မအားလပ်တဲ့အခြေအနေမျိုးမှာဆိုရင်တော့
တစ်ခြား blogger ပညာရှင်တွေဆီက ထပ်ဆင့်ကူးယူ မျှဝေပေးမှာဖြစ်ပါတယ် ...။

နောက်ဆုံးပြောချင်တာလေးတစ်ခု

ကျွန်တော့်ရဲ့ IQ-House blogspot (Myanmar) ဆိုတဲ့ ဘလော့ဂ်လေးဟာ
အခုမှစတင်စိုက်ပျိုးတဲ့ အပင်လေးတစ်ပင်ပါ ...
ဒီအတွက် အသီးတွေ အပွင့်တွေ ဝေေ၀ဆာဆာ မရှိသေးသလို ... 
post တွေ အခုမှစတင်ဘို့ စီစဉ်နေတဲ့အတွက် ဝေေ၀ဆာဆာ မရှိသေးတာကိုတော့
လာရောက်လည်ပတ်သူများ နားလည်ပေးပါလို့ .....
အချိန်ကာလနဲ့တပြေးညီ ကျွန်တော့်ရဲ့ ဘလော့ဂ်မှာ နည်းပညာတွေစုံစုံလင်လင်နဲ့
 ဝေေ၀ဆာဆာဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ အသိပေးရင်း .....
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်စွာဖြင့်
မင်္ဂလာအပေါင်းနဲ့လည်းပြည့်စုံကြပါစေလို့ 
ဆုမွန်ကောင်းတောင်းလိုက်ပါရစေ ခင်ဗျာ .....။