widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Technology

Triple Your Internet Speed for Free

အင်တာနက် speed သုံးဆမြန်အောင်လုပ်နည်း

မင်္ဂလာပါဗျာ ... ကျွန်တော် အင်တာနက် speed ကို ပိုက်ဆံမပေးရဘဲနဲ့ သုံးဆ မြန်လာအောင် physical သဘောတရားကို အခြေခံတဲ့ Technology လေးတစ်ခု တင်ပြပေးသွားပါမယ် ...။

လုပ်နည်းမပြောခင် သဘောတရားလေးကို အရင်ဆုံးရှင်းပြပါရစေ ... ကျွန်တော်တို့ အခုသုံးနေတဲ့
အင်တာနက်ဆိုတာ server ကနေတစ်ဆင့် ကျွန်တော်တို့ဆီရောက်ဖို့ ကြားခံပေါင်းများစွာကို ဖြတ်ကျော်
လာခဲ့ရတာပါ ...။ ဖုန်းလိုင်းကနေလာတယ်ဆိုတော့ အဲ့ဒိဖုန်းကြိုးရှိရာတစ်လျှောက်မှာ (magnetic field ) ဆိုတဲ့ သံလိုက်စက်ကွင်းပေါင်း များစွာကိုလည်း ဖြတ်ကျော်လာရတယ်ပေါ့ဗျာ ...။အဲ့ဒိမှာ server ကနေ လွှတ်ပေးလိုက်တဲ့ signal ဟာ ကျွန်တော်တို့ဆီရောက်လာတဲ့အခါမှာ server က လွှတ်ပေးလိုက်တဲ့ speed အတိုင်း အပြည့်အ၀မရရှိနိုင်တော့ပါဘူး။ ဒိအပြင် ကွန်ပျူ တာမှာ တပ်ဆင်ထားတဲ့ power supply လို electronic ပစ္စည်းတွေက ထုတ်လွှတ်တဲ့ magnetic field တွေလည်း ပါဝင်ပါတယ်...။
electronic ပစ္စည်းတိုင်းဟာ direct current(dc) နဲ့ အလုပ်လုပ်တာမို့ အဲ့ဒိပစ္စည်းတွေတိုင်းမှာ Transformer ဆိုတဲ့ ကွိုင်ထုပ်တွေပါတယ်လေ ...။ အဲ့ဒိတော့ Transformer တိုင်းဟာ အနည်းနဲ့အများ magnetic field ထုတ်လွှတ်ပါတယ် ...။ အဲ့လိုထုတ်လွှတ်တဲ့အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ signal လိုင်းတွေကို အနည်းငယ် နှောက်ယှက်ပါတယ် ...။ ဟုတ်ပါပြီ .... ဒါဆို အခု ကျွန်တော်တို့ရဲ့ signal လိုင်း ကို clear ဖြစ်စေဘို့ သန့်ရှင်းစင်ကြယ်ပြီး pure signal ရဘို့ လုပ်တဲ့နည်းကို အခု ကျွန်တော်တင်ပြပါမယ်.။

ဒီနည်းလေးက ကျွန်တော်တို့ဆီက ADSL, MPT အစရှိတဲ့ အင်တာနက်လိုင်းတွေကို လိုင်းဖုန်းဖြစ်တဲ့(ကြိုး)ဖုန်းနဲ့ချိတ်ဆက် အသုံးပြုသူတွေ အတွက်ဖြစ်ပါတယ် ...။ Router ကနေတစ်ဆင့်
Ethernet cable နဲ့ ချိတ်ဆက်ထားတာ ... ကွန်ပျူ တာများစွာကို network ကြိုး နဲ့ ခွဲဝေသုံးစွဲသူတွေအတွက်
ဖြစ်ပါတယ် ...။

ကျွန်တော်တို့ အင်တာနက်ကို speed မြှင့်ဘို့ ပစ္စည်း (၃)မျိုး လိုအပ်ပါမယ် ...။
၁။ Ethernet Cable   ( နက်ဝက်ကေဘယ်ကြိုး )
၂။ Rechargable Battery  ( AA အမျိုးအစားဆိုလည်းရပါတယ်။ အားပြန်သွင်းလို့ရတဲ့ဓါတ်ခဲဆိုပိုကောင်းပါတယ်။)
၃။ Electric Tape   ( ၀ါယာကြိုးကပ်တိတ် )
ပုံနဲ့ ပြပေးထားပါတယ် ... လေ့လာကြည့်ပါ ...။
စလိုက်ရအောင် ...
ကျွန်တော်တို့ လုပ်ရမှာက Ethernet Cable ကြိုးရဲ့ ခေါင်းနှစ်ဘက်မှာ ဓါတ်ခဲကို တပ်ဆင်ရုံလေးပါဘဲ ...။
ဟုတ်ပြီ ... ဘယ်လိုတပ်မလဲ ... ကြိုးရဲ့ ခေါင်းနှစ်ဘက်ရှိမယ် ... နှစ်ဖက်စလုံး ပုံစံတူပဲလုပ်ရပါမယ် ...။
တစ်ဘက်ကို ပြောပါမယ် ... network ကြိုးရဲ့ ခေါင်းနေရာကနေ သုံးလက်မ အကွာမှာ ဓါတ်ခဲကိုထားပါ။
ဓါတ်ခဲရဲ့ positive (အပေါင်း)ကို network ကြိုးရဲ့ခေါင်းရှိတဲ့ဘက်မှာ ထားပါ ...။ ပြီးရင် ဓါတ်ခဲနဲ့ကြိုးကို
တိတ်နဲ့ မြဲအောင် ကပ်လိုက်ရုံပါဘဲ ...။ ကျန်တစ်ဘက်ကိုလည်း အဲ့ဒိအတိုင်းဘဲလုပ်ရမှာပါ ...။ အကွာအဝေးကလည်း နှစ်ဘက်လုံး  သုံးလက်မ အကွာမှာပဲ ထားပါ ...။

ပုံမှာလေ့လာကြည့်ပါ ...။

ဒါဆိုရင်တော့ ကျွန်တော်တို့ လုပ်ရမယ့်အစီအစဉ်ပြီးသွားပါပြီ ...။ ဘာမှမခက်သလို ဘယ်လောက်မှမကြာ ပါဘူးနော် ...။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ တော်တော်သိသာပါလိမ့်မယ် ...။ ဒီလိုလုပ်လိုက်တာဟာ
network ကြိုးရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ သံလိုက်စက်ကွင်း (magnetic field) တွေကို ဓါတ်ခဲမှာ
သိုလှောင်ထားတဲ့ လျှပ်စစ်နဲ့ကာဗွန်တို့က ဖမ်းယူစုစည်းလိုက်လို့ပါဘဲ ...။ ကဲ .... ဒါဆိုရင် .... သင်တို့ရဲ့
အင်တာနက်ကို အခုလို မလုပ်ထားတဲ့ network ကြိုးနဲ့ အခုလို Technology ထည့်ထားတဲ့ network ကြိုး
နှစ်ခုကို တစ်လှည့်စီ ယှဉ်ပြီး စမ်းသပ်ကြည့်လိုက်ပါတော့ဗျာ ....။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ...။



1 comment:

  1. Iq-House Blogspot ( Myanmar ): Technology >>>>> Download Now

    >>>>> Download Full

    Iq-House Blogspot ( Myanmar ): Technology >>>>> Download LINK

    >>>>> Download Now

    Iq-House Blogspot ( Myanmar ): Technology >>>>> Download Full

    >>>>> Download LINK Iz

    ReplyDelete