widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Saturday, February 28, 2015

Pirate Kings

Pirate Kings

 Online Game လေးပါ။ Facebook friend တွေနဲ့ အပြန်အလှန် စစ်တိုက်ကစားရတာပါ။
ပုံထဲမှာ မြင်နေရတဲ့ အ၀ိုင်းလေးကို လှည့်ရင်း ပိုက်ဆံရှာပြီး မိမိစခန်းကို တည်ဆောက်ရတာပါ။
STEAL နေရာကို ကျရင်တော့ ကိုယ့်ရဲ့ facebook friend တွေဆီက ပိုက်ဆံခိုးယူလို့ရပြီး၊ 
DEFEND နေရာကျရင်တော့ မိမိစခန်းကို အကာအကွယ်ပေးပါတယ်။
ATTACK နေရာကျရင်တော့ မိမိတိုက်ခိုက်ချင်တဲ့ facebook friend ကို ရွေးချယ်ပြီး အမြောက်နဲ့ ထုလို့ရပါတယ်။ SPINS နေရာရောက်ရင်တော့ လှည့်ခွင့်ရမယ့်အရေအတွက် ထပ်ပေါင်းပေးပါတယ်။
ကျန်တဲ့နေရာတွေကတော့ သတ်မှတ်ထားတဲ့ ပိုက်ဆံရမှာပါ။
ပျော်စရာကောင်းတဲ့ ဂိမ်းလေးပါ။ ကစားချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။
 ဖိုင်ဆိုဒ်ကတော့ 48.3MB ရှိတယ်နော်။

https://www.mediafire.com/?zxf7z7p9gu7bigr


Monday, December 22, 2014

How to block facebook friend by easy way?

မိမိ FACEBOOK ထဲက မလိုချင်တဲ့ FRIEND ကို ဘယ်လို BLOCK လုပ်မလဲဆိုတာ
လုပ်နည်းမသိသေးတဲ့ သူငယ်ချင်းများအတွက် BLOCK လုပ်နည်းလေး တင်ပေးလိုက်ပါတယ် ။
အရမ်းကို လွယ်ကူပါတယ်။  အောက်က ပုံလေးထဲမှာ ပြထားတဲ့အတိုင်း အဆင့်လေး (၂)ဆင့်ပဲ လုပ်ရမှာပါ။

အဆင့်(၁)

          အရင်ဆုံး မိမိ အကောင့်ထဲက block လုပ်ချင်တဲ့ friend ရဲ့ နာမည်ကို နှိပ်ပြီး သူ့ရဲ့ Profile စာမျက်နှာကို ၀င်လိုက်ပါ။ အောက်က ပုံလေးထဲက အနီရောင်ဝိုင်းပြထားတဲ့ နေရာကို နှိပ်လိုက်ရင် သူ့ရဲ့ Profile စာမျက်နှာကို ရောက်သွားပါလိမ့်မယ် ။


အဆင့်(၂)

 ဒါဆို အောက်က ပုံထဲကအတိုင်း မြင်ရပါမယ်။ ဒီပုံထဲကအတိုင်း အနီရောင် အ၀ိုင်း (၁) ဆိုတဲ့နေရာကို အရင်နှိပ်ပါ ။ ပုံထဲကအတိုင်း ကျလာတဲ့ menu ထဲက block ဆိုတာကို နှိပ်လိုက်ရုံပါပဲ ။ ဒါဆို block လုပ် မှာ သေချာလားလို့မေးတဲ့ box တစ်ခု ကျလာပါလိမ့်မယ် ... သေချာတယ်ဆိုရင်တော့ confirm ဆိုပြီး အတည်ပြုပေးလိုက်ပါ။ ဒါဆို အဲ့ဒိအကောင့်ပိုင်ရှင်ကို သင့်ရဲ့ friend စာရင်းထဲမှ အပြီးပိုင်ထုတ်ပယ်လိုက်ပါပြီ။




Saturday, October 25, 2014

LG Latest Firmware


ဒီပို့စ်လေးကတော့ LG phone ကိုင်ဆောင်သူများအတွက် Latest firmware လေးတွေ ရနိုင်မယ့် ဆိုဒ်လေးတစ်ခုကို ညွှန်ပြပေးချင်လို့ပါခင်ဗျာ ...။ သူကတော့ မိမိဖုန်းရဲ့  IMEI CODE ရိုက်ထည့်လိုက်တာနဲ့ မိမိဖုန်းရဲ့ မှန်ကန်တဲ့ latest firmware လေး ထွက်ပေါ်လာမှာပါ ...။

Example: 013520001123381 (15 digit, no dash, no space)
Tip: type *#06# from your Dialer to get IMEI code 


ဒါဆို မိမိဖုန်းရဲ့ firmware ထွက်လာပါလိမ့်မယ် ...။ click နှိပ်ပြီး ဒေါင်းယူလိုက်ရုံပါပဲ ....။ ၀က်ဆိုဒ်လိပ်စာကတော့   http://lg-firmware-rom.com/ ပဲဖြစ်ပါတယ် ...။