widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Friday, May 23, 2014

Ultrasurf အသုံးပြုနည်းလမ်းညွှန်

 Ultrasurf ဆိုတာဘာလဲ

အရိုးရှင်းဆုံးပြောရရင် ကြည့်ခွင့်မရှိ၊ ဖွင့်လို့မရတဲ့ website တွေကို
ကြည့်လို့ရအောင် လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလေးတစ်ခုပေါ့ဗျာ။
(တစ်နည်းပြောရရင်တော့ proxy ကျော်တဲ့ ဆော့ဖ်ဝဲလ်လေးပဲဆိုပါတော့ ...။)


     ကဲ ... အသုံးပြုနည်းလေးစရအောင်
  • အရင်ဆုံး Ultrasurf ကို download လုပ်ပါမယ်။ အောက်မှာပေးထားတဲ့ လင့် ကိုနှိပ်ပြီး ultrasurf zip ဖိုင်လေးကို ရယူလိုက်ပါ။

  •  ရလာတဲ့ zip ဖိုင်လေးကို မိမိ computer ထဲမှာ သိမ်းလိုတဲ့ နေရာကို တစ်ခါတည်းရွှေ့ထားပြီး zip လေးကို ဖြန့်လိုက်ပါ။ ဒီအခါ u1304.exe ဆိုတဲ့ ဖိုင်လေးကျလာပါမယ်။ တစ်ကယ်လို့ မကြာမကြာအသုံးပြမယ်ဆိုရင်တော့ မြန်မြန်ဖွင့်လို့ရအောင် computer ရဲ့ Desktop ပေါ်သာ တစ်ခါတည်း တင်ထားလိုက်ပေါ့ဗျာ ...။
  • နောက်တစ်ဆင့်အနေနဲ့ u1304.exe ကို double click လုပ်ပါမယ်။ ဒါဆို အောက်ကပုံလေးအတိုင်း မြင်ရပါမယ် ...။
  • status: ဆိုတဲ့နေရာမှာ ပုံမှာမြင်ရတဲ့အတိုင်း Successfully connected to server! ဆိုရင်တော့ connection မိလို့ သူ အလုပ်လုပ်နေပါပြီ ...။ ဒါပေမယ့် ဒီတိုင်းဖွင့်ထားရုံနဲ့တော့ မပြီးသေးပါဘူး... ကိုသုံးမယ့် Browser မှာ setting လေး ထည့်ပေးရအုံးမှာပါ ...။
     ကဲ ... browser setting လေး သတ်မှတ်ရအောင်
  • ကျွန်တော်ကတော့ Firefox သုံးတဲ့အတွက် သူနဲ့ပဲ နမူနာ လုပ်ပြသွားပါမယ် ...။
  • Firefox browser ကို ဖွင့်ပါ ...။ 
  • Firefox browser ပွင့်လာပြီဆိုရင်တော့ menu ဘားက Tools --> Options  ကိုခေါ်လိုက်ပါ ...။ ဒါဆို အောက်ကပုံလေးအတိုင်းမြင်ရရင် ... Advanced --> Network --> Settings ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့်ဝင်လိုက်ပါ ...။ 
  • Settings ထဲရောက်ပြီဆိုရင်တော့ အောက်ကပုံထဲကအတိုင်း အနီရောင်ဝိုင်းပြထားတဲ့အတိုင်း သတ်မှတ်ပေးပါ ...။
  1. Manual proxy configuration ကို ရွေးပါ ..။
  2. Http Proxy နေရာတွင် 127.0.0.1 ကို ရိုက်ထည့်ပါ ..။
  3. Port နေရာတွင် 9666 ကို ရိုက်ထည့်ပါ ..။
  4. ပြီးရင်တော့ Ok နှိပ်ပါ ..။
ဒါဆိုရင်တော့ brower setting ထည့်လို့ပြီးသွားပြီဖြစ်တဲ့အတွက် သင့်ရဲ့ browser ဟာ Ultrasurf က proxy လေးနဲ့ စတင်အလုပ်လုပ်နေပါပြီ ....။

မှတ်ချက် ။    ။ တစ်ကယ်လို့ Ultrasurf မသုံးရင်တော့ proxy မှာ Auto-detect သာ ပြန်ထားပေးပါ။
                   ultrasurf မှာ connection failed ဖြစ်နေမယ်ဆိုရင်လည်း connection မကောင်းတဲ့ အတွက် အသုံးပြုနိုင်မှာမဟုတ်ပါဘူး ..။ သူ့ရဲ့ ထူးခြားချက်လေးကတော့ ပုံမှန် connection ရှိနေမယ်ဆိုရင် သူ့ရဲ့ proxy က U.S ဖြစ်တာကြောင့် မူလထက် လိုင်းလည်း အနည်းငယ် ပိုမြန်လာတာကို တွေ့ရပါလိမ့်မယ် ....။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ .......။

ကြိုက်တယ်ဆိုရင် like လေး ပေးခဲ့ကြပါအုံး။
မှာချင်တာရှိရင်လည်း commants ပေးခဲ့လို့ရပါတယ်ခင်ဗျာ ..။

No comments:

Post a Comment