Utorrent ဖြင့် download လုပ်နည်း
ကျွန်တော်တို့လိုချင်တဲ့ ကွန်ပျူ တာ ဆော့ဖ်ဝဲလ်တွေကို အင်တာနက်ကနေ download လုပ်တဲ့နေရာမှာ
တစ်ချို့ကတော့ download button လေးကိုနှိပ်ပြီး download လုပ်နိုင်ပေမယ့်...
တစ်ချို့ဟာတွေကျတော့ utorrent လို downloader တစ်ခုခုနဲ့ လုပ်မှ ကိုယ်လိုချင်တာကို အပြည့်အဝ
ရနိုင်မှာပါ...။ ဥပမာ ပြောရရင် ကိုယ်က software တစ်ခုကို လိုချင်တယ် ... ဒါပေမယ့် ရှာကြည့်တော့
Trial version အနေနဲ့ပဲ ပေးထားမယ် ..။ အစမ်းသုံးကြည့်ဆိုတဲ့ သဘောပေါ့ ...။
full version သုံးချင်ရင် ဒေါ်လာ ဘယ်လောက်ဆိုပြီး ပိုက်ဆံပေးပြီး ၀ယ်သုံးမှ ရမယ်ပေါ့ ...။
ဒါကို ကျွန်တော်တို့က အလကားသုံးချင်တယ် ...။ ဒါဆို အဲ့ဒိ software အတွက် လိုအပ်မယ့် license key,
ဒါမှမဟုတ် keygen, crack စတာတွေပါ တစ်ပါတည်း ထည့်ပေးထားတာမျိုးကို ရှာရတော့မှာပေါ့ ..။
ဒါမှမဟုတ် ကျွန်တော်တို့လို blogger တွေလို လူမျိုးတွေက အဲ့လို လိုအပ်မယ့်ဟာတွေ တစ်ပါတည်း
ထည့်ပေးပြီး အဆင်ပြေတဲ့ နေရာမျိုးမှာ တင်ပေးထားတာမျိုးတွေ ရှိမယ်ပေါ့ဗျာ ...။
အဲ့ဒိထဲကမှ အခု ကျွန်တော် ပြောပြပေးမယ့် utorrent နဲ့
download လုပ်နည်းဟာလည်း တစ်ခုအပါအ၀င် ဖြစ်တယ်ပေါ့ဗျာ...။
ဒါဆို utorrent နဲ့ download လုပ်ဖို့ သင့်ရဲ့ ကွန်ပျူ တာမှာ utorrent လေးကို အရင်ဆုံး
install လုပ်ထားလိုက်နော် ...။ မရှိသေးရင် အောက်မှာ ဒေါင်းယူလိုက်ပါ ...။
ဒါဆို utorrent နဲ့ download လုပ်ဖို့ သင့်ရဲ့ ကွန်ပျူ တာမှာ utorrent လေးကို အရင်ဆုံး
install လုပ်ထားလိုက်နော် ...။ မရှိသေးရင် အောက်မှာ ဒေါင်းယူလိုက်ပါ ...။
ကဲ .... စလိုက်ရအောင်ဗျာ ...
utorrent နဲ့ download လုပ်မယ်ဆိုရင် ကိုယ်လိုချင်တာရဘို့ ၂ ဆင့်တော့ လုပ်ရမယ်နော် ...။
၁။ အရင်ဆုံး torrent file ကို download လုပ်ရပါမယ် ...။
၂။ ရလာတဲ့ torrent file ကို utorrent downloader ထဲကို ထည့်ပြီး download လုပ်ရမှာပါ ...။
ပထမအဆင့် ......
အရင်ဆုံး ကျွန်တော်လိုချင်တဲ့ software တစ်ခုကို google search မှာ ရိုက်ထည့်ပြီးရှာပါမယ် ...။
ကျွန်တော်လိုချင်တာက avast_free_antivirus_v 8.0.1497 ကို လိုချင်တယ်ဆိုပါစို့...။ သူ့အတွက် လိုအပ်မယ့် license key (or) crack (or) keygen စတဲ့ full version သုံးလို့ရနိုင်အောင် အဲ့ဒါတွေတစ်ခါတည်း ပါလာမယ့် download ကို ရှာမယ်ပေါ့ ..။
ဒိအတွက် အခုန ကျွန်တော်လိုချင်တဲ့ avast_free_antivirus_v 8.0.1497 ကို အနောက်က .rar ဆိုပြီး ထပ်ဖြည့်ပြီး ရှာပါမယ် ...။ အောက်ကပုံလေးမှာ ကြည့်ပါ ...။
ဒါဆိုရင် အောက်မှာ ပြထားတဲ့ website ကို ရောက်သွားပါမယ် ...။
အဲဒိထဲကမှ torrent file ကို အရင်ဆုံး ဒေါင်းယူပါမယ် ...။ ပုံထဲမှာ အနီရောင်ဘောင်ခတ်ပြထားပါတယ်။
အဲဒါကတော့ အပေါ်မှာ ဖော်ပြထားတဲ့ Avast Antivirus Pro v 8.0.1497 Incl Keys{aryan_l33t} ရဲ့
torrent file ကို download လုပ်မှာပါ ...။
အပေါ်ပုံထဲက အနီရောင် ဘောင်ခတ်ထားတဲ့ DOWNLOAD TORRENT ဆိုတာကို နှိပ်လိုက်ရင်
အောက်ကပုံမြင်ကွင်းအတိုင်း save လုပ်ရမယ့်နေရာကို မေးပါလိမ့်မယ် ...။ OK လုပ်ပြီး torrent file ကို
သိမ်းလိုက်ပါ ...။
OK နှိပ်လိုက်ရင်တော့ သင့်ရဲ့ ကွန်ပျူ တာထဲမှာ torrent file လေးကို Download လုပ်ပြီးသွားလို့
ပထမအဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ် ....။
ဒုတိယအဆင့် .....
အပေါ်ဆုံးမှာ Download လုပ်ပြီး install လုပ်ခဲ့တဲ့ utorrent ကို ဖွင့်ပါ ...။
ကျွန်တော်ကတော့ desktop ပေါ်မှာ shortcut လုပ်ထားလို့ desktop ပေါ်ကနေ click ၂ ချက်နှိပ်ပြီးဖွင့်ပါမယ်။
ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း utorrent downloader ပွင့်လာပါမယ် ...။ အဲဒိထဲကမှ
အနီရောင်လေးထောင့်ဘောင်ခတ်ထားတဲ့ နေရာလေးမှာ တစ်ချက်နှိပ်ပြီး ပထမအဆင့်က download လုပ်ခဲ့တဲ့ torrent file လေးကို ထည့်ပါမယ် ...။
အဲဒိ အနီရောင် လေးထောင်ဘောင်ခတ်ထားတဲ့ ပုံလေးကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း တွေ့ရပါမယ်။
အဲ့ဒိမှာ ပထမအဆင့်က download လုပ်ခဲ့တဲ့ torrent file သိမ်းလိုက်တဲ့ နေရာကို လိုက်ရှာပြီး တွေ့ရင်
အဲ့ဒိဖိုင်ပေါ်မှာ တစ်ချက်နှိပ်ပြီး open လုပ်လိုက်ပါ ...။ အောက်ကပုံမှာ ကြည့်ပါ ...။
open လုပ်ပြီးရင်တော့ အောက်ကပုံမှာ မြင်ရတဲ့ အတိုင်း နောက်ဆုံးအဆင့် Download လုပ်မယ့် file ကို
ဘယ်မှာ save (သိမ်း)မလဲလို့ မေးတဲ့ box တစ်ခု မြင်တွေ့ရပါမယ် ...။ အဲ့ဒိမှာ မိမိကွန်ပျူ တာရဲ့ ဘယ်မှာ
သိမ်းမလဲဆိုတာကို သတ်မှတ်ပြီး OK နှိပ်လိုက်ပါ ...။
ဒါဆိုရင် အောက်ကပုံမှာပြထားတဲ့အတိုင်း download စတင်နေပါပြီ ...။ Download 100% ပြီးသွားရင်တော့ seeding ဆိုပြီး အစိမ်းရောင်ဘား ပြည့်သွားတာကို မြင်ရပါလိမ့်မယ် ...။

Utorrent Download လုပ်နည်းကတော့ ဒီမှာတင် ပြီးဆုံးပါပြီ ..။
မှတ်ချက်အနေနဲ့ မှာချင်တာလေးကတော့ ....
အပေါ်ပုံထဲက အောက်ကအကွက်ထဲမှာ ရှိတဲ့ peers ဆိုတဲ့နေရာမှာ ဘာမှလည်းမတက်ဘူး ...
ပြီးတော့ အပေါ်အကွက်က Down Speed ဆိုတဲ့နေရာမှာလည်း 0.0 kb/s
ဖြစ်နေမယ်ဆိုရင် အချိန်အနည်းငယ်စောင့်ကြည့်လို့မှ အဲ့ဒိအတိုင်းဖြစ်နေရင်တော့ ... ကျွန်တော်တို့ရဲ့ အင်တာနက်လိုင်း မကောင်းလို့လည်း ဖြစ်နိုင်သလို ... torrent file ကအဆင်မပြေတာလည်း
ဖြစ်နိုင်ပါတယ် ...။ အင်တာနက်လိုင်းကောင်းနေရဲ့သားနဲ့ ဘာမှမတက်တာဆိုရင်တော့ ... ပထမအဆင့်မှာလုပ်ခဲ့သလို တစ်ခြား website က torrent file တစ်ခုကို ပြောင်းပြီး ပြန်လုပ်ကြည့်ပါ ...။
မှန်ကန်တဲ့ torrent file ဖြစ်မယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ် ...။
-----------------------------------------------------------------------------------------------------------------
No comments:
Post a Comment