widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Wednesday, June 4, 2014

Huawei Y511-U00 ကို မြန်မာစာထည့်သွင်းနည်း

 

Y511-U00 ကို မြန်မာစာထည့်ဖို့ ဖို့အတွက် လိုအပ်တာလေးတွေကို အရင်ဆုံး အောက်ကလင့်မှာ ဒေါင်းလိုက်ပါအုံးဗျာ...။
ဒီ Download File ထဲမှာတော့ လိုအပ်မယ့် Fonts ရယ် Recovery နဲ့ Keyboard ဖိုင်
သုံးမျိုးလုံးကို rar တစ်ခုတည်းမှာ စုစည်းပေးထားပါတယ်....။ Size ကတော့ 9.88 MB ရှိပါတယ်။

Fonts, Recovery & Keyboard
  
1. Computer မှာ Driver တင်ထားပြီးသားဖြစ်ရပါမယ်...
2. Phone မှာ USB Debugging နဲ့ Unknown Source ကို On ထားပေးပါ...

Ready ဖြစ်ရင် စလိုက်ရအောင် ...

1. ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ.. ဒေါင်းထားတဲ့ထဲက Y511 Recovery.rar ကိုဖြန့်လိုက်ပြီး RunMe.bat ကို Right Click နှိပ်ပြီး... ပေါ်လာတဲ့ menu ထဲကမှ Run as Administrator ကို Click လုပ်ပြီး ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ပေးလိုက်ပါ.. သူ့အလိုလို အလုပ်လုပ်ပြီး Reboot ကျသွားပါမယ် ...။

2. ဒေါင်းထားတဲ့ထဲက Y511 font.zip ကို မဖြည်ဘဲ SD Card ထဲထည့်ပါ... ပြီးရင် အဲ့ဒိ SD Card ကို ဖုန်းထဲထည့်ပြီး... ဖုန်းကို ပါဝါပိတ်လိုက်ပါ...

3. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ... အဲဒီထဲမှာ Apply From SD Card ဆိုတာကိုရောက်အောင် Volume Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့လိုက်ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်ပါ.. ပြီးရင် အထဲမှာ ထည့်ထားတဲ့ Y511 font.zip ထိရောက်အောင်ရွှေ့သွားပြီး Power ခလုပ်ကို တစ်ချက်နှိပ်ပေးပါ..

4. အချိန်အနည်းငယ် အလုပ်လုပ်နေပါလိမ့်မယ်... ပြီးသွားရင်တော့ Reboot system now ဆိုတဲ့စာသားပေါ် ရောက်နေရပါမယ်.. မရောက်ရင် ရောက်အောင်ရွှေ့လိုက်ပြီး Power ကိုတစ်ချက်နှိပ်လိုက်ရင် Reboot ကျသွားပါမယ်...
Power ပြန်တက်လာရင်တော့ မြန်မာစာ ရေးနိုင် ဖတ်နိုင်ပါပြီ ...။
ကဲ ... အဆင်ပြေပါစေဗျာ ....။

http://www.probux.com/?r=johnsmith1980



No comments:

Post a Comment