widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Friday, June 6, 2014

Avast Free Antivirus v 8.0.1497 With License Key

Avast Free Antivirus (2013)


ဒါကတော့ လက်ရှိကျွန်တော်သုံးနေတဲ့ Antivirus ပါ ...။
Home User တွေအတွက် တော်တော်အဆင်ပြေပါတယ် ...။ စက်လည်း သိပ်မလေးလှပါဘူး ...။
license key ကတော့ 2038 ခုနှစ်မှ ကုန်မှာပါ ...။
၂၀၁၄ ခုနှစ်က စတွက်ရင် နောက်ထပ် ၂၄ နှစ်သုံးလို့ ရပါသေးတယ် ...။
ဒါပေမယ့် program version ကတော့ v 8.0.1497 မှ ရမှာပါ ...။ 
နောက်ထပ်ထွက်တဲ့ program version အသစ်တွေနဲ့တော့ ဒီ license key က အလုပ်မလုပ်ပါဘူးခင်ဗျာ။
အင်တာနက်ချိတ်ဆက်အသုံးပြုသူတွေအတွက် update engine နဲ့ virus definitions တွေကတော့
Auto update လုပ်ပေးသွားမှာပါ ...။ program ကိုတော့ update မလုပ်မိစေနဲ့ပေါ့ဗျာ...။
လိုချင်ရင်တော့ အောက်မှာဒေါင်းယူလိုက်နော် ...။

Avast Free Antivirus 8.0.1497(2013)
Avast Free Antivirus Software

License Key



How To Download With Utorrent

Utorrent ဖြင့် download လုပ်နည်း


အခုပြောပြပေးမှာကတော့ Utorrent နဲ့ download လုပ်နည်းလေးပါ။
ကျွန်တော်တို့လိုချင်တဲ့ ကွန်ပျူ တာ ဆော့ဖ်ဝဲလ်တွေကို အင်တာနက်ကနေ download လုပ်တဲ့နေရာမှာ
တစ်ချို့ကတော့ download button လေးကိုနှိပ်ပြီး download လုပ်နိုင်ပေမယ့်...
တစ်ချို့ဟာတွေကျတော့ utorrent လို downloader တစ်ခုခုနဲ့ လုပ်မှ ကိုယ်လိုချင်တာကို အပြည့်အဝ
ရနိုင်မှာပါ...။ ဥပမာ ပြောရရင် ကိုယ်က software တစ်ခုကိလိုချင်တယ် ... ဒါပေမယ့် ရှာကြည့်တော့
Trial version အနေနဲ့ပဲ ပေးထားမယ် ..။ အစမ်းသုံးကြည့်ဆိုတဲ့ သဘောပေါ့ ...။
full version သုံးချင်ရင် ဒေါ်လာ ဘယ်လောက်ဆိုပြီး ပိုက်ဆံပေးပြီး ၀ယ်သုံးမှ ရမယ်ပေါ့ ...။
ဒါကို ကျွန်တော်တို့က အလကားသုံးချင်တယ် ...။ ဒါဆို အဲ့ဒိ software အတွက် လိုအပ်မယ့် license key,
ဒါမှမဟုတ် keygen, crack စတာတွေပါ တစ်ပါတည်း ထည့်ပေးထားတာမျိုးကို ရှာရတော့မှာပေါ့ ..။



Wednesday, June 4, 2014

Huawei Y511-U00 ကို မြန်မာစာထည့်သွင်းနည်း

 

Y511-U00 ကို မြန်မာစာထည့်ဖို့ ဖို့အတွက် လိုအပ်တာလေးတွေကို အရင်ဆုံး အောက်ကလင့်မှာ ဒေါင်းလိုက်ပါအုံးဗျာ...။
ဒီ Download File ထဲမှာတော့ လိုအပ်မယ့် Fonts ရယ် Recovery နဲ့ Keyboard ဖိုင်
သုံးမျိုးလုံးကို rar တစ်ခုတည်းမှာ စုစည်းပေးထားပါတယ်....။ Size ကတော့ 9.88 MB ရှိပါတယ်။

Fonts, Recovery & Keyboard
  
1. Computer မှာ Driver တင်ထားပြီးသားဖြစ်ရပါမယ်...
2. Phone မှာ USB Debugging နဲ့ Unknown Source ကို On ထားပေးပါ...

Ready ဖြစ်ရင် စလိုက်ရအောင် ...

1. ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ.. ဒေါင်းထားတဲ့ထဲက Y511 Recovery.rar ကိုဖြန့်လိုက်ပြီး RunMe.bat ကို Right Click နှိပ်ပြီး... ပေါ်လာတဲ့ menu ထဲကမှ Run as Administrator ကို Click လုပ်ပြီး ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ပေးလိုက်ပါ.. သူ့အလိုလို အလုပ်လုပ်ပြီး Reboot ကျသွားပါမယ် ...။

2. ဒေါင်းထားတဲ့ထဲက Y511 font.zip ကို မဖြည်ဘဲ SD Card ထဲထည့်ပါ... ပြီးရင် အဲ့ဒိ SD Card ကို ဖုန်းထဲထည့်ပြီး... ဖုန်းကို ပါဝါပိတ်လိုက်ပါ...

3. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ... အဲဒီထဲမှာ Apply From SD Card ဆိုတာကိုရောက်အောင် Volume Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့လိုက်ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်ပါ.. ပြီးရင် အထဲမှာ ထည့်ထားတဲ့ Y511 font.zip ထိရောက်အောင်ရွှေ့သွားပြီး Power ခလုပ်ကို တစ်ချက်နှိပ်ပေးပါ..

4. အချိန်အနည်းငယ် အလုပ်လုပ်နေပါလိမ့်မယ်... ပြီးသွားရင်တော့ Reboot system now ဆိုတဲ့စာသားပေါ် ရောက်နေရပါမယ်.. မရောက်ရင် ရောက်အောင်ရွှေ့လိုက်ပြီး Power ကိုတစ်ချက်နှိပ်လိုက်ရင် Reboot ကျသွားပါမယ်...
Power ပြန်တက်လာရင်တော့ မြန်မာစာ ရေးနိုင် ဖတ်နိုင်ပါပြီ ...။
ကဲ ... အဆင်ပြေပါစေဗျာ ....။

http://www.probux.com/?r=johnsmith1980