widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Sunday, July 13, 2014

Honor 3C H30-U10 B621 Firmware Update

huawei honor 3C ရဲ့ firmware update လေး ထွက်လာလို့ တင်ပေးလိုက်ပါတယ်။
firmware တင်နည်းကတော့ ကျွန်တော့်ရဲ့ တင်ခဲ့ပြီးတဲ့ပို့စ်တွေထဲက  cfg ဖိုင်လေးနဲ့ တင်မယ်ဆိုရင်
Stock recovery ပဲဖြစ်ဖြစ်၊ CWM recovery ပဲဖြစ်ဖြစ် တင်လို့ရပါမယ်။
dload ဖိုလ်ဒါထဲမှာ UPDATE.APP နဲ့ au_temp.cfg ဖိုင်လေး နှစ်ဖိုင်လုံး ထည့်ထားပြီး
vol up + vol down + power သုံးခုလုံးကို စုံနှိပ်ထားလိုက်ရင် သူ့ဟာသူ အလုပ်လုပ်သွားမှာပါ။
အဲ ... ပြီးရင်တော့ Root ဖောက်ဖို့အတွက်ကလည်း rootgenius လေးနဲ့ ဖောက်လို့ရတယ်ဆိုတာ 
ကျွန်တော့်ရဲ့ ပို့စ်တွေထဲမှာ ပြောပြပြီးသားမို့ ထပ်မပြောတော့ဘူးနော် ...။
ဒီ firmware လေးကို ကိုယ်တိုင်စမ်းသပ်တင်ကြည့်ပြီး အားလုံး OK မှ ဖော်ပြပေးလိုက်တာမို့
သူငယ်ချင်းတို့အနေနဲ့ စိတ်ချ လက်ချ အသုံးပြု နိုင်ပါတယ်။
version လေးကတော့ တော်တော့်ကို အလန်းလေးပါပဲဗျာ ...။

ဒီ firmware ရဲ့ ထူးခြားချက်လေးတွေကို အောက်မှာ လေ့လာကြည့်ပါ။
Device – Huawei Honor/Glory 3C H30-U10
Android version – 4.4.2 KitKat
Emotion UI version – 2.3
Region – China
Languages Included – English,Chinese,…
Google Apps included – No
Firmware version – 4.7.1

firmware ဒေါင်းဘို့အတွက်က အောက်က link ကိုနှီပ်ပြီး ပုံမှာ ပြထားတဲ့နေရာမှာနှိပ်ပြီး ဒေါင်းပါ။

 
 cfg ဖိုင်လေးကိုတော့ လိုက်ရှာနေရမှာစိုးလို့ ဒီပို့စ်မှာထပ်ထည့်ပေးလိုက်ပါတယ်။ အောက်မှာ ဒေါင်းပါ။

Download >>> au_temp.cfg


No comments:

Post a Comment