
MYANMAR MPs.apk
Myanmar MPs ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။ သူကတော့ မိုဘိုင်းဖုန်းကိုင်ဆောင်တဲ့
မြန်မာနိုင်ငံသားတိုင်း ဆောင်ထားသင့်တဲ့ apk လေးတစ်ခုလို့ပြောရင် မမှားပါဘူး...။
လုပ်ဆောင်ချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်နယ်နှင့်တိုင်းအလိုက်
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြန်မာပြည်သူလူထု
အချိတ်အဆက်မိအောင် ဆောင်ရွက်ပေးနိုင်မယ့် apk လေးတစ်ခုလို့ မျှော်လင့်ရပါတယ်...။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ website တွေကိုလည်း ၀င်ကြည့်နိုင်မှာဖြစ်ပြီး
မြန်မာပြည်သူလူထုအနေနဲ့ အကြံပြုစာနဲ့ ဆွေးနွေးတင်ပြချင်တာတွေရှိခဲ့ရင်လည်း
email ကတစ်ဆင့် ဆက်သွယ်လို့ရအောင် ထည့်ပေးထားတာလည်း တွေ့ရပါတယ် ...။

လိုအပ်မယ်လို့ ယူဆရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ ဒါမှမဟုတ် google play store ကနေ
Myanmar MPs လို့ရိုက်ထည့်ရှာဖွေပြီးတော့လည်း ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ ...။
No comments:
Post a Comment