widget ကျွန်တော့်ရဲ့ မျှဝေမှုလေးတစ်ခုဟာ သင့်အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် like လုပ်ပေးခြင်းဖြင့် အသိအမှတ်လေး ပြုပေးခဲ့ပါအုံးဗျာ...။ လာရောက်လည်ပတ်သူများကို အထူးကျေးဇူးတင်လျှက် ...။

Tuesday, July 1, 2014

How To Root Honor 3C With RootGenius

Huawei Honor 3C ကို
RootGenius နဲ့ root လုပ်နည်း

honor 3C ကို firmware update လုပ်ပြီးတဲ့အခါ
Vroot လို root tool နဲ့ root လို့ မရတာလေးတွေ
ရှိပါတယ် ...။ ဒါပေမယ့် မပူပါနဲ့ 
RootGenius ရှိပါသေးတယ် ...။







အခု ကျွန်တော် RootGenius နဲ့ root လုပ်တဲ့နည်းလေးကို ပြောပါပေးသွားပါမယ် ....။ လုပ်နည်းကတော့
မခက်ပါဘူး ... အဲ ... ဒါပေမယ့် ... သင့်ရဲ့ ဖုန်း(ဒါမှမဟုတ်) သင့်ရဲ့ ကွန်ပျူ တာမှာ အင်တာနက်ချိတ်ထားဘို့တော့ လိုမယ်နော် ...။

အရင်ဆုံး RootGenius လေးကို ဒေါင်းထားလိုက်ပါ ...။
RootGenius

Root လုပ်နည်းစပါမယ်....
- ပထမအဆင့်အနေနဲ့ သင့်ရဲ့ ကွန်ပျူ တာမှာ အင်တာနက် ချိတ်ဆက်ပြီးသား ဖြစ်နေရပါမယ် ..။
တစ်ကယ်လို့ ဖုန်းမှာပဲ အင်တာနက် ချိတ်ထားတာဆိုရင်တော့ ဖုန်းကို ကွန်ပျူ တာနဲ့ ချိတ်ဆက်လိုက်ပါ။
ဖုန်းမှာ usb debugging ကို on ထားပေးပါ။ ပြီးရင် ဖုန်း setting ထဲက more ထဲကို ၀င်ပါ .. အဲဒိထဲကမှ
Tethering & portable hotspot ထဲကို ၀င်ပြီး USB tethering ကို အမှန်ချစ်ပေးလိုက်ပါ။
ပြီးရင် Mobile network ထဲကိုဝင်ပြီး Data connection ကို on ပေးပါ ...။ ဒါကတော့ မသိသေးသူတွေ
အတွက် ပြောပြပေးတာပါ ....။ သိပြီးသားသူတွေအတွက်ကတော့ ဖုန်းကို ကွန်ပျူ တာနဲ့ချိတ် ပြီးရင်
အင်တာနက်ဖွင့်ထားလိုက်ပါလို့ ပြောရင် လုံလောက်ပါတယ် ...။ ကဲ ... ဒါဆို သင့်ရဲ့ ကွန်ပျူ တာမှာ
အင်တာနက်လိုင်း ချိတ်ပြီးသွားလို့ connection ငြိမ်နေပြီဆိုရင်တော့ အပေါ်က ဒေါင်းထားတဲ့
RootGenius.rar ဖိုင်လေးကို ဖြန့်ချ ပြီး အထဲက RootGenius.exe ကို ဖွင့်လိုက်ပါ ....။
ဒါဆို ... အောက်က ပုံလေးအတိုင်း မြင်ရပါမယ် ...။

 အင်တာနက် ချိတ်ဆက်ထားတဲ့အတွက် ဖွင့်လိုက်တာနဲ့ လိုအပ်တာလေးတွေကို သူ့ဟာသူ အင်တာနက်
ကနေ updating လုပ်သွားပါလိမ့်မယ် ... ပြီးတဲ့အထိ ခဏစောင့်ပေးလိုက်ပါ ...။ ပြီးရင်တော့ အောက်က
ပုံအတိုင်း မြင်ရပါမယ် ...။ အဲဒိမှာ Root it ဆိုတာလေးကို နှိပ်ပေးလိုက်ရုံပါဘဲ ...။
ဒါဆိုရင်တော့ အောက်ကပုံထဲကအတိုင်း root လုပ်ငန်းစဉ် စတင်လုပ်ဆောင်နေပါပြီ ...။ 18% လောက်မှာ
ဖုန်းက reboot ကျသွားပါလိမ့်မယ် ...။ ပြန်တက်လာတဲ့အချိန်မှာ ဖုန်းက USB tethering ကနေထွက်သွား ပြီး MTP ကို ပြောင်းသွားပါလိမ့်မယ် ...။ ပြီးရင်တော့ သူ့ဟာသူ ဆက်ပြီး root လုပ်ပါလိမ့်မယ် ...။
100% ပြည့်သွားပြီဆိုရင်တော့ အောက်ကပုံထဲကအတိုင်း root လုပ်တာ အောင်မြင်သွားပါပြီ ...။
ဒါဆိုရင် ဖုန်းကို ဖြုတ်လိုက်လို့ရပါပြီ ...။ သင့်ဖုန်းထဲမှာ Kinguser ဆိုတဲ့ icon လေး ပေါ်သွားပြီဆိုရင်တော့
သင့်ဖုန်းဟာ 100% root ရသွားပါပြီ ...။ အောက်ကပုံလေးထဲက အတိုင်းမြင်ရပါမယ် ...။
ဒါကတော့ ကျွန်တော့်အနေနဲ့ honor 3C ကို root တာကိုဘဲ တင်ပြလိုက်တာပါ ...။
ဒီ RootGenius လေးကတော့ ဖုန်းတော်တော်များများကို root လုပ်လို့ရတယ်လို့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဖော်ပြထားတာရှိပါတယ် ...။ အခြား ဖုန်းအမျိုးအစားများကို Vroot နဲ့ root လို့မရရင်တော့ ဒီကောင်လေးနဲ့သာ ကစ်လိုက်ပါလို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ ...။

{ အားလုံးပဲ အဆင်ပြေ ကျေ နပ်နိုင်ကြပါစေဗျာ }


No comments:

Post a Comment