မိမိ FACEBOOK ထဲက မလိုချင်တဲ့ FRIEND ကို ဘယ်လို BLOCK လုပ်မလဲဆိုတာ
လုပ်နည်းမသိသေးတဲ့ သူငယ်ချင်းများအတွက် BLOCK လုပ်နည်းလေး တင်ပေးလိုက်ပါတယ် ။
အရမ်းကို လွယ်ကူပါတယ်။ အောက်က ပုံလေးထဲမှာ ပြထားတဲ့အတိုင်း အဆင့်လေး (၂)ဆင့်ပဲ လုပ်ရမှာပါ။
အဆင့်(၁)
အရင်ဆုံး မိမိ အကောင့်ထဲက block လုပ်ချင်တဲ့ friend ရဲ့ နာမည်ကို နှိပ်ပြီး သူ့ရဲ့ Profile စာမျက်နှာကို ၀င်လိုက်ပါ။ အောက်က ပုံလေးထဲက အနီရောင်ဝိုင်းပြထားတဲ့ နေရာကို နှိပ်လိုက်ရင် သူ့ရဲ့ Profile စာမျက်နှာကို ရောက်သွားပါလိမ့်မယ် ။
အဆင့်(၂)
ဒါဆို အောက်က ပုံထဲကအတိုင်း မြင်ရပါမယ်။ ဒီပုံထဲကအတိုင်း အနီရောင် အ၀ိုင်း (၁) ဆိုတဲ့နေရာကို အရင်နှိပ်ပါ ။ ပုံထဲကအတိုင်း ကျလာတဲ့ menu ထဲက block ဆိုတာကို နှိပ်လိုက်ရုံပါပဲ ။ ဒါဆို block လုပ် မှာ သေချာလားလို့မေးတဲ့ box တစ်ခု ကျလာပါလိမ့်မယ် ... သေချာတယ်ဆိုရင်တော့ confirm ဆိုပြီး အတည်ပြုပေးလိုက်ပါ။ ဒါဆို အဲ့ဒိအကောင့်ပိုင်ရှင်ကို သင့်ရဲ့ friend စာရင်းထဲမှ အပြီးပိုင်ထုတ်ပယ်လိုက်ပါပြီ။